ကြက်သားခပတ်ချက်လေးပါ Chicken Kebab
HTML-код
- Опубликовано: 30 мар 2025
- မဆလာရနံ့မွှေးမွှေးလေးနဲ့ စားကောင်းတဲ့ ကြက်သားခပတ်ချက်လေးပါ။
ပထမဆုံး ဇီယာစေ့ကို (စားပွဲတင်ဇွန်း ၁ ဇွန်း) ငရုတ်ဆုံထဲမှာ ထည့်ပြီးညက်နေအောင် ကြိတ်ထားပေးပါ။ ကြိတ်ထားတဲ့ ဇီယာမှုန့်ထဲကို အသားမဆလာ (စားပွဲတင်ဇွန်း ၁ ဇွန်း) ထည့်ပြီးမွှေပေးပါ။ ဇီယာစေ့အနံ့ပိုမှ သာ ပိုမွှေးတာကြောင့် မဆလာထဲကို ဇီယာမှုန့်ထပ်ထည့်ရခြင်းဖြစ်ပါတယ်။
ကြက်ပေါင်သား ကို တကိုက်စာအရွယ်လှီးထားပါ။
ခုနက ရောထားတဲ့ မဆလာ (စားပွဲတင်ဇွန်း ၁ ဇွန်း)
အချိုမှုန့် - အနည်းငယ် (မစားရင် မထည့်လည်းရပါတယ်)
ဆား - အနည်းငယ်
နနွင်းမှုန့် - အနည်းငယ်
ငရုတ်သီးမှုန့် - (စားပွဲတင်ဇွန်း ၁ ဇွန်း)
ဟင်းချက်တဲ့ ဆီ - (စားပွဲတင်ဇွန်း ၁ ဇွန်း)
သံပရာသီး - ၁ လုံး (သို့) ဒိန်ချဉ် (စားပွဲတင်ဇွန်း ၁ ဇွန်း)
ထည့်ပြီး အားလုံးရောနယ်ပြီး နှပ်ထားပေးပါ။
ကြက်သွန်နီ - ၁ လုံးကို အကွင်းလေးတွေဖြစ်အောင် လှီးထားပေးပါ။
ခရမ်းချဉ်သီး - ၁ လုံး ကိုလည်း အကွင်းလေးတွေလှီးထားပေးပါ။
ငရုတ်သီးစိမ်းကို လှီးထားပေးပါ။
ဒယ်အိုးထဲမှာ ဆီထည့်မယ်။ ဆီပူလာရင်
ချင်း ၂ ပြားလောက်ထည့်မယ်။
ကြက်သွန်ဖြူ ၅ မွှာလောက် ဓားပြားရိုက်ထားတာ ထည့်မယ်။ အားလုံးမွှေးလာပြီဆိုရင်
နှပ်ထားတဲ့ ကြက်သားတွေထည့်ပြီး ကြော်ပေးပါ။
ကြက်သားတွေအရောင်ပြောင်းလာရင် ရေအနည်း
ငယ်ထည့်ပြီး နူးတဲ့ အထိ တည်ထားပါ။
ကြက်သားတွေနူးရင် ရေခမ်းဆီပြန်လာအောင် မီးအားမြှင့်ပြီးချက်ပေးပါ။
ဆီပြန်လာရင် ငရုတ်သီးစိမ်း။ ခရမ်းချဉ်သီး တွေထည့်ပြီး ၂ မိနစ်လောက် ကြော်ပေးပါ။
ပြီးမှ ကြက်သွန်နီကွင်းတွေထည့်ကြော်ပေးပါ။
၁ မိနစ်လောက်ကြော်ပြီးတာနဲ့ မဆလာ - (စားပွဲတင်ဇွန်း ၁ ဇွန်း)
ထည့်ပါ။ နောက်ဆုံးမှာမှ ပူစီနံ လက်တဆုပ်လောက် အုပ်ပြီး မွှေပေးလိုက်ရင် မွှေးပြီးစားကောင်းတဲ့ ကြက်သားခပတ်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
ကျေးဇူးပါ နည်းတမျိုးရသွားလို့😊😊😊
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
So delicious. Thank you 😊
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
ကျေးဇူးပါ အားပေးနေပါတယ် 😻😊👍
မဆလာနံ့မွှေးမွှေးလေးနဲ့ စားကောင်းမှာ ပဲ
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏
Very nice cooking video🎥👌
Thank you so much🙏
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
အရင်က ခပတ်ဆိုရင် တောက်တောက်စဉ်းမှရတယ်ထင်ထားတာ အခုနည်းလေးက ကောင်းတယ် ။ ပူစီနံအုပ်တာ အသက်ပဲ။
Thank Always 😻😻😻
ပူစီနံက ဒီဟင်းရဲ့အသက် 😊
လွယ်နေရောပဲနော်။မီးခနခနပျက်နေတာတော်ပဲ👏👏❤️❤️😆
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
Good
Thank You 🙏
ဒီနေ့ချက်နည်းအတိုင်းချက်တယ် ..အစ်မခါတိုင်းချက်တာက ကြက်သားစဥ်းပြီးချက်တယ် သံပုရာသီးမထည့်ဖူးဘူး .. အခုနည်းအတိုင်းထည့်နှပ်တာ အသားကအစ နူးပြီးအရသာပြောင်းသွားတယ် .ပူစီနံထည့်လိုက်တော့.စားကောင်းတယ်သားရေ..ကျေးဇူးတင်ပါတယ် ..
ဟုတ်ကဲ့ အစ်မ 🤗 ကျေးဇူးတင်ပါတယ်ခင်ဗျာ
ချက်စားကြည့်အုံးမယ်
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
ပူစီနံအစားဘာသုံးလို့ရသေးလဲဗျ
နံနံပင်ရတယ်ခင်ဗျ။ ပူစီနံကတော့ အလိုက်ဖက်ဆုံးပေါ့။
@@Cookfork1 ရှမ်းနံနံရောရတယ်မလားအစ်ကို
ရပါတယ်ခင်ဗျ။
အရသာရှိမယ့်ပုံဘဲ❤❤❤
ဟုတ်။ စားကောင်းတယ်ဗျ,❤️